အောက်ခြေမှတ်ချက်
b ဒံယေလ ၂:၄၅ မှာပါတဲ့ “အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှ” ဆိုတာက ရုပ်တုရဲ့အစိတ်အပိုင်းတွေဖြစ်တဲ့ တိုင်းနိုင်ငံ ဒါမှမဟုတ် ကမ္ဘာ့အာဏာစက်တွေကို ဆိုလိုတယ်။ နောက်ကျမ်းစာပရောဖက်ပြုချက်တစ်ခုက “လူနေထိုင်ရာ မြေတစ်ပြင်လုံးရှိဘုရင်များ” က စုရုံးပြီး ‘အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်၏နေ့ကြီး’ မှာ ယေဟောဝါကို တိုက်ခိုက်ကြမယ်လို့ ဖော်ပြတယ်။ (ဗျာ. ၁၆:၁၄; ၁၉:၁၉-၂၁) ဒါကြောင့် အာမဂေဒုန်မှာ ရုပ်တုကြီး ကိုယ်စားပြုတဲ့ တိုင်းနိုင်ငံတွေပဲ ဖျက်ဆီးခံရမှာမဟုတ်ဘဲ တခြားတိုင်းနိုင်ငံတွေအားလုံးလည်း ဖျက်ဆီးခံရမှာဖြစ်တယ်။