ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
ထွက်ပါ
ဝင်ပါ
ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
ကြိုဆိုပါတယ်။
ဒီစာကြည့်တိုက်မှာ ယေဟောဝါသက်သေများရဲ့ စာပေတွေကို ဘာသာစကားမျိုးစုံနဲ့ ရှာဖွေလေ့လာနိုင်ပါတယ်။
စာပေတွေကို ကူးယူဖို့ jw.org ကို ဝင်ကြည့်ပါ။
ကြေညာချက်
အသစ်တင်ထားတဲ့ ဘာသာစကား–Burkina Faso Sign Language
  • ဒီနေ့

တနင်္လာနေ့၊ ဇွန် ၁၅

ဘုရားသခင်က လူ့လောကကို အလွန်ချစ်တယ်။ ဒါကြောင့် မိမိရဲ့ . . . တစ်ဦးတည်းသော သားကိုတောင် ပေးအပ်ခဲ့တယ်။—ယော. ၃:၁၆။

နှစ်စဉ် အပြစ်ဖြေရာနေ့မှာ ပုရောဟိတ်မင်းက အစ္စရေးတွေအတွက် တိရစ္ဆာန်ပူဇော်သက္ကာတွေ ဆက်သပေးရတယ်။ တိရစ္ဆာန်ဟာ လူထက် နိမ့်ကျလို့ တိရစ္ဆာန်ပူဇော်သက္ကာတွေက လူတွေရဲ့ အပြစ်ကို အကုန်အစင် မဖြေပေးနိုင်ဘူး။ ဒါပေမဲ့ တောင်းဆိုထားတဲ့ ပူဇော်သက္ကာတွေ ဆက်သနေသရွေ့ နောင်တရတဲ့ အစ္စရေးတွေကို ယေဟောဝါ လိုလိုလားလား ခွင့်လွှတ်ပေးတယ်။ (ဟီ. ၁၀:၁-၄) အပြစ်ဖြေရာ ပူဇော်သက္ကာတွေ အထပ်ထပ် ပူဇော်ရတာက မိမိတို့ အပြစ်ကြီးကြောင်း အစ္စရေးတွေကို သတိရစေတယ်။ ဒါပေမဲ့ လူတွေကို တစ်ကြိမ်တည်းအပြီး အပြစ်ဖြေပေးနိုင်မယ့် အစီအစဉ် ယေဟောဝါ ပြင်ဆင်ပေးတယ်။ “လူအများရဲ့ အပြစ်ကို ခံပြီး မိမိကိုယ်ကို [ချစ်သား] တစ်ကြိမ်တည်းအပြီး ဆက်သ” စေဖို့ အစီအစဉ်ပါ။ (ဟီ. ၉:၂၈) ယေဟောဝါ စီစဉ်ထားတဲ့အတိုင်း ယေရှုဟာ “လူအများအတွက် ရွေးဖိုးအဖြစ် အသက်ကို ပေး” တယ်။—မ. ၂၀:၂၈။ w25.02 ၄ ¶၉-၁၀

ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၆

အင်္ဂါနေ့၊ ဇွန် ၁၆

သွေးဆောင်မှုနောက် ပါမသွားအောင် သတိနဲ့ စောင့်ပြီး အမြဲဆုတောင်းနေကြပါ။—မ. ၂၆:၄၁။

“စိတ်ကတော့ ထက်သန်ပါရဲ့။ ကိုယ်ခန္ဓာက အားနည်းတယ်။” (မ. ၂၆:၄၁ခ) ကျွန်တော်တို့ မစုံလင်ဘူး၊ အမှားလုပ်မိနိုင်တယ်ဆိုတာ ယေရှု နားလည်ကြောင်း ဒီစကားတွေက ဖော်ပြတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မလွန်ကဲသင့်ကြောင်းလည်း ဒီစကားတွေက သတိပေးနေတယ်။ ယေရှုကို ဘယ်တော့မှ ထားမသွားဘူးဆိုပြီး လွန်ခဲ့တဲ့ နာရီပိုင်းလောက်ကပဲ တပည့်တွေ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပြောထားကြတာ။ (မ. ၂၆:၃၅) သူတို့ မှန်ရာ လုပ်ချင်ကြပါတယ်။ ဒါပေမဲ့ အခက်အခဲ ကြုံတဲ့အခါ မှန်ရာ လုပ်ချင်စိတ် အလွယ်တကူ ပျောက်ဆုံးသွားနိုင်တယ်ဆိုတာ သဘောမပေါက်ကြဘူး။ ဒါကြောင့် ဒီနေ့ ကျမ်းချက်ပါ စကားတွေအတိုင်း သူတို့ကို ယေရှု သတိပေးတာ။ ဝမ်းနည်းစရာက တပည့်တွေ သတိမရှိခဲ့ကြဘူး။ ယေရှု အဖမ်းခံရချိန် ယေရှုဘေးမှာ ဆက်နေခဲ့ကြသလား။ ဒါမှမဟုတ် ကြောက်ကြောက်လန့်လန့် ထွက်ပြေးခဲ့ကြသလား။ သတိမရှိတဲ့အတွက် သူတို့ ဘယ်တော့မှ မလုပ်ပါဘူးလို့ ပြောထားတာကိုမှ လုပ်မိသွားကြတယ်။ ယေရှုကို ထားခဲ့ပြီး ထွက်ပြေးကြတာပါ။—မ. ၂၆:၅၆။ w24.07 ၁၄ ¶၁-၂

ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၆

ဗုဒ္ဓဟူးနေ့၊ ဇွန် ၁၇

သားတော်ရဲ့သေခြင်းကြောင့် ဘုရားသခင်နဲ့ ကျွန်တော်တို့ ပြန်လည်သင့်မြတ်လာခဲ့တာ။—ရော. ၅:၁၀။

အာဒံနဲ့ ဧဝဟာ အဖယေဟောဝါနဲ့ အဖိုးတန် ဆက်ဆံရေး ဆုံးရှုံးသွားတယ်။ အပြစ်မလုပ်ခင်ကဆိုရင် ဘုရားမိသားစုဝင် ဖြစ်ခဲ့တာ။ (လု. ၃:၃၈) အပြစ်လုပ်လိုက်ချိန်မှာတော့ ဘုရားမိသားစုကနေ ထုတ်ပယ်ခံလိုက်ရတယ်။ အဲဒီနောက်မှ သားသမီးတွေ မွေးလာတယ်။ (က. ၃:၂၃၊ ၂၄။ ၄:၁) မွေးလာတဲ့ သားသမီးတစ်ယောက်မှ ဘုရားမိသားစုဝင် မဖြစ်တော့ဘူး။ ဒါကြောင့် သူတို့ရဲ့ သားစဉ်မြေးဆက် ကျွန်တော်တို့ဟာ ယေဟောဝါနဲ့ ပြန်လည်သင့်မြတ်ဖို့ သိပ်လိုအပ်နေတယ်။ (ရော. ၅:၁၀၊ ၁၁) တစ်နည်းအားဖြင့် ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိဖို့ လိုအပ်နေတယ်။ အကိုးအကားတစ်ခုအရ “ပြန်လည်သင့်မြတ်ခြင်း” ဆိုတဲ့ ဂရိစကားလုံးဟာ “ရန်သူအဖြစ်ကနေ မိတ်ဆွေ ဖြစ်ခြင်း” ကို ဆိုလိုနိုင်တယ်။ အံ့ဩစရာကတော့ ပြန်လည်သင့်မြတ်ဖို့ အစပြု လုပ်ဆောင်သူဟာ ယေဟောဝါ ဖြစ်နေတာပါပဲ။ ပြန်လည်သင့်မြတ်ဖို့ ယေဟောဝါ ဘယ်လို လုပ်သလဲ။ မိမိနဲ့ အပြစ်သားတွေ ပြန်လည်သင့်မြတ်ဖို့ အပြစ်ဖြေခြင်း အစီအစဉ် ပြင်ဆင်ပေးတယ်။ အပြစ်ဖြေခြင်း အစီအစဉ်ဆိုတာ ဆုံးရှုံးသွားတဲ့၊ ပျက်စီးသွားတဲ့ အရာတစ်ခုခုကို ပြန်ရဖို့၊ အစားထိုးဖို့ တန်ဖိုးတူတာ တစ်ခုခုနဲ့ လဲလှယ်တဲ့ အစီအစဉ်ပါ။ w25.02 ၃-၄ ¶၇-၈

ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၆
ကြိုဆိုပါတယ်။
ဒီစာကြည့်တိုက်မှာ ယေဟောဝါသက်သေများရဲ့ စာပေတွေကို ဘာသာစကားမျိုးစုံနဲ့ ရှာဖွေလေ့လာနိုင်ပါတယ်။
စာပေတွေကို ကူးယူဖို့ jw.org ကို ဝင်ကြည့်ပါ။
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ