ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yp1 စာ. ၁၄၉
  • စံထားအပ်သူ —မောရှေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စံထားအပ်သူ —မောရှေ
  • လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • မောရှေရဲ့ယုံကြည်ခြင်းကို တုပပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • မောရှေ—ယုံကြည်ခြင်းခိုင်ခံ့သူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ယေဟောဝါ၏နည်းလမ်းတော်များကို သိရှိလာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ယေရှုခရစ်တော်သည် မည်သို့အားဖြင့် မောရှေကဲ့သို့သော ဖရောဖက်ဖြစ်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
yp1 စာ. ၁၄၉

စံထားအပ်သူ​—မောရှေ

မောရှေမှာ အခွင့်အရေးကောင်းတွေ အများကြီးရှိခဲ့တယ်။ သူဟာ ဖာရောမင်းရဲ့နန်းတော်မှာ ကြီးပြင်းလာပြီး အီဂျစ်အတတ်ပညာအားလုံးကို သင်ယူခဲ့ရတယ်။ (တမန်တော် ၇:၂၂) အဲဒါတွေကို သူဘယ်လိုအသုံးချမလဲ။ နာမည်ကျော်ကြားဖို့၊ ချမ်းသာကြွယ်ဝဖို့၊ ဩဇာအာဏာရှိဖို့ အသုံးချနိုင်တယ်။ ဒါပေမဲ့ မောရှေဟာ ရွယ်တူချင်းတွေရဲ့ လွှမ်းမိုးမှုမခံခဲ့ဘူး။ အတ္တဆန်တဲ့ရည်မှန်းချက်တွေနောက် မလိုက်ခဲ့ဘူး။ သူ့ဘဝကိုအသုံးချပုံက လူအများအံ့သြလောက်တဲ့အထိပါပဲ။ သူက “ဘုရားသခင်၏လူတို့နှင့်အတူ ညှဉ်းဆဲခံရန် ရွေးချယ်” ခဲ့တယ်။ (ဟေဗြဲ ၁၁:၂၅) အဲဒီလိုရွေးချယ်ခဲ့လို့ သူ နစ်နာဆုံးရှုံးခဲ့သလား။ လုံးဝမဆုံးရှုံးခဲ့ဘူး။ ဘုရားအမှုတော်ဆောင်ပြီး လူတွေကိုကူညီပေးဖို့ ရွေးချယ်ခဲ့လို့ တကယ့်ကို ပျော်ရွှင်ကျေနပ်စရာဘဝမျိုး ပိုင်ဆိုင်ခဲ့တယ်။

သင်လည်း အခြေခံပညာ ကောင်းကောင်းတတ်ထားတယ်ဆိုရင် ဘယ်လိုအကျိုးရှိရှိအသုံးချမလဲ။ ငွေနောက်လိုက်မလား၊ ဩဇာအာဏာနောက် လိုက်မလား။ ဒါမှမဟုတ် မောရှေလုပ်ခဲ့သလို ဘဝမှာ တကယ်အကျိုးရှိတဲ့အရာကို လုပ်မလား။ သင့်ရဲ့ ကာယ၊ ဉာဏစွမ်းရည်တွေကို ဘုရားတရားအလုပ်မှာ၊ လူလူချင်းကို ကူညီပေးတဲ့နေရာမှာ အသုံးပြုနိုင်တယ်။ (မဿဲ ၂၂:၃၅-၄၀) အဲဒါက ပျော်ရွှင်ကျေနပ်စရာအကောင်းဆုံး ဘဝပါပဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ