ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
ထွက်ပါ
ဝင်ပါ
ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
ကြိုဆိုပါတယ်။
ဒီစာကြည့်တိုက်မှာ ယေဟောဝါသက်သေများရဲ့ စာပေတွေကို ဘာသာစကားမျိုးစုံနဲ့ ရှာဖွေလေ့လာနိုင်ပါတယ်။
စာပေတွေကို ကူးယူဖို့ jw.org ကို ဝင်ကြည့်ပါ။
ကြေညာချက်
အသစ်တင်ထားတဲ့ ဘာသာစကား–Sakalava
  • ဒီနေ့

အင်္ဂါနေ့၊ စက်တင်ဘာ ၁

ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်း ခိုင်မြဲနေမနေ အမြဲ ဆန်းစစ်ပါ။—၂ ကော. ၁၃:၅။

ရင့်ကျက်တဲ့အဖြစ်ကို တက်လှမ်းဖို့ ကြိုးစားရသလို ဆက်ရင့်ကျက်နေဖို့လည်း ကျွန်တော်တို့ ကြိုးစားရမယ်။ ရင့်ကျက်လှပြီဆိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မလွန်ကဲရဘူး။ (၁ ကော. ၁၀:၁၂) ဆက်တိုးတက်နေမနေ “အမြဲ ဆန်းစစ်” ရမယ်။ ဆက်ရင့်ကျက်နေဖို့ လိုကြောင်း ကောလောသဲအသင်းတော်ဆီ ရေးတဲ့ စာမှာ တမန်တော် ပေါလု ပြောတယ်။ ရင့်ကျက်နေကြပြီ ဖြစ်ပေမဲ့ လူ့အတွေးအခေါ်ကြောင့် လှည့်ဖြားမခံရဖို့ သတိပေးတယ်။ (ကော. ၂:၆-၁၀) သူတို့ “အဆုံးမှာ အပြည့်အဝ ရပ်တည်နိုင်ဖို့၊” ရင့်ကျက်နိုင်ဖို့ အဲဒီအသင်းတော်က ညီအစ်ကို/မတွေအကြောင်း ကောင်းကောင်း သိတဲ့ ဧပဖြ ထက်ထက်သန်သန် ဆုတောင်းပေးတယ်။ (ကော. ၄:၁၂) ဘာသိရသလဲ။ ဆက်ရင့်ကျက်နေဖို့ ဘုရားအကူအညီအပြင် ကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုလည်း လိုကြောင်း ပေါလုနဲ့ ဧပဖြ နှစ်ယောက်စလုံး နားလည်တယ်ဆိုတာ သိရတယ်။ အခက်အခဲတွေ ရှိပေမဲ့ ကောလောသဲအသင်းတော်က ခရစ်ယာန်တွေကို ဆက်ရင့်ကျက်စေချင်ကြတယ်။ w24.04 ၆-၇ ¶၁၆-၁၇

ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၆

ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၂

ကျုပ်တို့မှာတော့ ယေဟောဝါဘုရား ရှိတယ်။ မကြောက်ကြနဲ့။—တော. ၁၄:၉။

ဘုရားကို တော်မှန်စွာ ကြောက်ရွံ့တယ်ဆိုတာ ဘုရားကို ချစ်လွန်းလို့ ဘုရားစိတ် ငြိုငြင်မယ့် ဘယ်အရာကိုမှ မလုပ်တာကို ဆိုလိုတာပါ။ ဘုရားနှစ်သက်မှု ရချင်လို့ ကျွန်တော်တို့ အမှားအမှန် ခွဲခြားသိချင်ကြတယ်။ (ပညာ. ၂:၃-၆။ ဟီ. ၅:၁၄) ဘုရားထက် လူကို ကြောက်ရင် အမှန်တရားနဲ့ ဆန့်ကျင်တာတွေကို ယုံသွားနိုင်တယ်။ ကတိထားရာပြည်ကို ထောက်လှမ်းဖို့ သွားတဲ့ အစ္စရေး မျိုးနွယ်စုခေါင်းဆောင် ၁၂ ယောက်အကြောင်း သုံးသပ်ကြည့်ပါ။ သူတို့ထဲက ဆယ်ယောက်ဟာ ယေဟောဝါကို ချစ်စိတ်ထက် ခါနန်လူတွေကို ကြောက်စိတ် ပိုများနေတယ်။ “ကျုပ်တို့ တိုက်နိုင်မှာ မဟုတ်ဘူး။ အဲဒီလူတွေက ပိုအင်အားကြီးနေတယ်” လို့ အစ္စရေးတွေကို ပြောတယ်။ (တော. ၁၃:၂၇-၃၁) လူ့အမြင်အရ ကြည့်ရင် ခါနန်လူတွေ ပိုအားကြီးကြတာ မှန်ပါတယ်။ ဒါပေမဲ့ ရန်သူတွေကို တိုက်နိုင်မှာ မဟုတ်ဘူးလို့ ပြောတာကတော့ ဘုရားကို ထည့်မစဉ်းစားရာကျသွားပြီ။ w24.07 ၉ ¶၅-၆

ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၆

ကြာသပတေးနေ့၊ စက်တင်ဘာ ၃

မြေတစ်ပြင်လုံးရဲ့ တရားသူကြီးက မှန်ကန်တာကိုပဲ လုပ်မှာပါ။—က. ၁၈:၂၅။

ယေဟောဝါရဲ့ တရားစီရင်ချက်အားလုံးကို အကြွင်းမဲ့ စိတ်ချနိုင်သလား။ စိတ်ချနိုင်ပါတယ်။ အာဗြဟံ ကောင်းကောင်း သဘောပေါက်သွားတဲ့အတိုင်း “မြေတစ်ပြင်လုံးရဲ့ တရားသူကြီး” ယေဟောဝါဟာ ပြည့်ဝစုံလင်တယ်၊ ထိုးထွင်းသိမြင်နိုင်တယ်၊ ကရုဏာ ပြည့်ဝတယ်။ သားတော်ကို လေ့ကျင့်သင်ကြားပေးပြီး တရားစီရင်ပိုင်ခွင့်အားလုံး အပ်ထားတယ်။ (ယော. ၅:၂၂) ယေဟောဝါကော ယေရှုပါ လူတစ်ယောက်စီရဲ့ စိတ်နှလုံးကို သိတယ်။ (မ. ၉:၄) ဒါကြောင့် တစ်ယောက်စီကို တရားစီရင်တဲ့အခါ ‘မှန်ကန်တာကိုပဲ လုပ်ကြမှာပါ။’ ယေဟောဝါဘုရားကိုကော ဘုရားရဲ့ တရားစီရင်ချက်အားလုံးကိုပါ စိတ်ချနေကြရအောင်။ ကျွန်တော်တို့မှာ တရားစီရင်နိုင်စွမ်း မရှိကြောင်း၊ ယေဟောဝါမှာပဲ ရှိကြောင်း အသိအမှတ်ပြုကြရအောင်။ (ဟေရှာ. ၅၅:၈၊ ၉) သားတော် ဘုရင် ယေရှုဟာ ဖခင် တရားမျှတတာ၊ ကရုဏာ ရှိတာကို အပြည့်အဝ အတုယူတယ်။ ဒါကြောင့် တရားစီရင်ခြင်း ကိစ္စအဝဝကို ယေဟောဝါနဲ့ ယေရှုဆီ စိတ်ချလက်ချ အပ်ထားကြရအောင်။—ဟေရှာ. ၁၁:၃၊ ၄။ w24.05 ၇ ¶၁၈-၁၉

ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၆
ကြိုဆိုပါတယ်။
ဒီစာကြည့်တိုက်မှာ ယေဟောဝါသက်သေများရဲ့ စာပေတွေကို ဘာသာစကားမျိုးစုံနဲ့ ရှာဖွေလေ့လာနိုင်ပါတယ်။
စာပေတွေကို ကူးယူဖို့ jw.org ကို ဝင်ကြည့်ပါ။
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ